ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။
ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။-
သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။
ထိုအချိန်မှစ၍ယုဒသည်ကိုယ်တော်ကို ရန်သူ့လက်သို့အပ်ရန်အခွင့်ကောင်းကိုရှာ လျက်နေ၏။