Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 8:11

Common Language Bible

ထို​နောက်​ဧ​လိ​ရှဲ​သည်​ဟာ​ဇေ​လ​အား​အ​နေ ခက်​စေ​သည့်​တိုင်​အောင် ထိတ်​လန့်​သည့်​အ​မူ အ​ရာ​ဖြင့်​စိုက်​၍​ကြည့်​ပြီး​လျှင်​ငို​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။-

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြိမ်​ကြိမ်​တောင်း​ပန် ကြ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​သူ​တို့​အား​ခွင့်​ပြု​လိုက် လေ​သည်။ ထို​သူ​ငါး​ကျိပ်​တို့​သည်​သုံး​ရက်​တိုင် တိုင် တစ်​တောင်​တက်​ဆင်း​ရှာ​ဖွေ​ကြ​သော်​လည်း ဧ​လိ​ယ​ကို​မ​တွေ့​ကြ။-

လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။

အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။

ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။

လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက် ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင် မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။

ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။-

သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''

ငါ​၏​စိတ်​နှ​လုံး​သည်​ငါ​၏​အ​မျိုး​သား၊ ငါ ၏​သား​ချင်း​တို့​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​လျက် အ​ခါ​မ​လပ်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​ကို​ခံ စား​လျက်​ရှိ​၏။ သူ​တို့​၏​အ​ကျိုး​ငှာ​ငါ သည်​ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​တော်​မူ ခြင်း​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ မှု​ကို​လည်း​ကောင်း​ခံ​လို​သော​ဆန္ဒ​ရှိ​၏။-

ဤ​အ​ချက်​ကို​ကြိမ်​ဖန်​များ​စွာ​ငါ​ဖော်​ပြ​ဖူး​လေ​ပြီ။ ယ​ခု​လည်း​မျက်​ရည်​ဖြင့်​ထပ်​မံ​၍​ဖော်​ပြ​၏။ ခ​ရစ်​တော် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ အ​သေ​ခံ​တော်​မူ​ခြင်း​တ​ရား တော်​နှင့်​ဆန့်​ကျင်​၍​ပြု​ကျင့်​သူ​လူ​အ​များ​ပင် ရှိ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ