၄ ရာ 7:8Common Language Bibleထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။