Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 7:16

Common Language Bible

ရှ​မာ​ရိ​မြို့​သား​တို့​သည်​ပြေး​၍​ထွက်​လာ​ပြီး လျှင် ရှု​ရိ​တပ်​စ​ခန်း​ကို​လု​ယက်​ကြ​ကုန်​၏။ ထို့ နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင်​သို့​မ​ဟုတ် မု​ယော​ဆန်​ပေါင်​နှစ်​ဆယ်​ကို ငွေ​သား​တစ်​ကျပ် ဖြင့်​ရောင်း​ချ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။

သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-

ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-

ယင်း​ပစ္စည်း​များ​မှာ​ရွှေ​ရောင်​ပြောင်​လက်​သော အ​မွေး​အ​တောင်​များ​ရှိ​သည့် ငွေ​ဖြင့်​ဖုံး​အုပ်​သော​ချိုး​ငှက်​ရုပ်​များ​ဖြစ်​သည်။ (သင်​တို့​အ​ချို့​သည်​စစ်​ပွဲ​ဝင်​သော​နေ့​တွင် အ​ဘယ်​ကြောင့်​သိုး​ခြံ​များ​၌​နေ​ခဲ့​သ​နည်း။)

ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။

သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။

သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ