၄ ရာ 7:13Common Language Bibleအမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။
လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''