၄ ရာ 6:33Common Language Bibleသူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-