Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 6:25

Common Language Bible

မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​သား​တို့​သည်​အ​စာ​ခေါင်း​ပါး ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​သော​အ​ခါ ဖာ​ရော​ဘုရင် အား​ရိက္ခာ​ပေး​ရန်​တောင်း​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​က``ယော​သပ်​ထံ​သို့​သွား​ကြ။ သူ​ပြော​သည့်​အ​တိုင်း​ပြု​ကြ​လော့''ဟု​မိန့် တော်​မူ​လေ​၏။-

ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။-

ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

ဣသ​ရေ​လ​ဘု​ရင်​သည်​မြို့​ရိုး​ပေါ်​တွင်​လမ်း​လျှောက် သွား​စဉ် အ​မျိုး​သ​မီး​တစ်​ယောက်​က``အ​ရှင်​မင်း ကြီး၊ ကျွန်​တော်​မ​အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ် အော်​လေ​သည်။

ထို​အ​ချိန်​၌​မိုး​မ​လင်း​သေး​သော်​လည်း မင်း​ကြီး သည်​အိပ်​ယာ​မှ​ထ​၍​မှူး​မတ်​တို့​အား``ရှု​ရိ အ​မျိုး​သား​တို့​၏​ပ​ရိ​ယာယ်​ကို​ငါ​ပြော​မည်။ ဤ​မြို့​တွင်​ငါ​တို့​အ​စာ​ငတ်​လျက်​နေ​ကြ ကြောင်း​သိ​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​တပ် စ​ခန်း​မှ​ထွက်​ခွာ​၍​တပ်​ပုန်း​ချ​ထား​လေ​ပြီ။ မြို့​ပြင်​သို့​ငါ​တို့​ထွက်​၍​အ​စား​အ​စာ​ရှာ​ဖွေ ကြ​သော​အ​ခါ​မှ ငါ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကာ​မြို့​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''

``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-

ထို​နှစ်​စ​တုတ္ထ​လ၊ ကိုး​ရက်​နေ့​၌​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​မှု​သည်​အ​လွန်​ဆိုး​ရွား​၍ လာ​သ​ဖြင့် လူ​တို့​တွင်​အ​စာ​ရေ​စာ အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-

သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ