Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 6:23

Common Language Bible

သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-

ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-

ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။

ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

ထို​မှ​တစ်​ပါး​လည်း​သင်​တို့​သည်​ညီ​အစ်​ကို​အ​ချင်း ချင်း​နှင့်​သာ​လျှင်​နှုတ်​ဆက်​ကြ​မည်​ဆို​ပါ​က သင်​တို့ ၏​အ​ပြု​အ​မူ​သည်​အ​ဘယ်​သို့​ထူး​ခြား​မှု​ရှိ​နိုင် ပါ​မည်​နည်း။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​များ ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်။-

သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ