အဆောင်သစ်တစ်ဆောင်ဆောက်လုပ်နိုင်ရန် အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နားသို့သွား၍ သစ်ပင်ခုတ်လှဲပါရစေ'' ဟုအခွင့်တောင်းကြ၏။ ဧလိရှဲက``ကောင်းပြီ'' ဟုဆို၏။
ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
ပရောဖက်တစ်ပါးကဧလိရှဲအား မိမိတို့နှင့် အတူလိုက်ရန်တိုက်တွန်းသည့်အတိုင်း ဧလိရှဲ သည်သဘောတူသဖြင့်၊-
ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။ ထိုသူတို့က ``ငါတို့လည်းလိုက်မည်'' ဟုဆို ကြ၏။ သို့ဖြစ်၍သူတို့သည်လှေဖြင့်ငါးဖမ်း ထွက်ကြ၏။ သို့သော်ထိုညတစ်ညလုံးငါး တစ်ကောင်ကိုမျှမမိကြ။-
ထိုသူတို့သည်ပေါလုကဲ့သို့သားရေအလုပ် သမားများဖြစ်ကြ၏။ သို့ဖြစ်၍ပေါလုသည် သူတို့ထံသို့သွားပြီးလျှင် သူတို့နှင့်အတူ နေ၍အလုပ်လုပ်၏။-
ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။
ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-