၄ ရာ 6:19Common Language Bibleထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။ အခန်းကိုကြည့်ပါ။ |
သူတို့မြို့တွင်းသို့ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ဧလိရှဲသည်``အို ထာဝရဘုရား၊ ဤသူတို့၏ မျက်စိကိုဖွင့်တော်မူ၍တစ်ဖန်မြင်စေတော် မူပါ'' ဟုဆုတောင်းသည့်အတိုင်းထာဝရ ဘုရားသည် သူတို့အားမျက်စိအလင်းကို ပြန်၍ပေးတော်မူသောအခါ သူတို့သည် ရှမာရိမြို့တွင်းသို့ရောက်ရှိနေသည်ကို မြင်ရကြ၏။