၄ ရာ 6:11Common Language Bibleရှုရိဘုရင်သည်လွန်စွာစိတ်ပူပန်သဖြင့် မိမိ၏ တပ်မှူးများကိုခေါ်၍``သင်တို့အနက်အဘယ် သူသည် ဣသရေလဘုရင်ဘက်သို့ပါနေသနည်း'' ဟုမေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။