Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 5:12

Common Language Bible

ထို့​ပြင်​ဒ​မာ​သက်​မြို့​ရှိ​အာ​ဗ​န​မြစ်​နှင့်​ဖာ​ဖာ မြစ်​တို့​သည် ဣသ​ရေ​လ​မြစ်​ရှိ​သ​မျှ​ထက်​ပို​၍ ကောင်း​သ​ဖြင့် ထို​မြစ်​တို့​တွင်​ရေ​ချိုး​၍​ရော​ဂါ ကို​ပျောက်​ကင်း​နိုင်​သည်​မ​ဟုတ်​လော'' ဟု​ဆို​၍ ပြန်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-

ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-

သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-

သို့​ဖြစ်​၍​နေ​မန်​က``အ​ကျွန်ုပ်​ပေး​လှူ​သော​လက် ဆောင်​ကို​အ​ရှင်​လက်​မ​ခံ​ပါ​မူ လား​နှစ်​စီး​တင် မြေ​ကို​အ​ကျွန်ုပ်​၏​နေ​ရင်း​ပြည်​သို့​ယူ​ဆောင် သွား​ခွင့်​ပြု​တော်​မူ​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ယ​ခု​မှ​စ​၍​အ​ကျွန်ုပ် သည် ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် ဘု​ရား​ကို​မျှ မီး​ရှို့​ရာ​ယဇ်​သို့​မ​ဟုတ်​အ​ခြား အ​ဘယ်​ယဇ်​ကို​မျှ​ပူ​ဇော်​တော့​မည်​မ​ဟုတ် သော​ကြောင့်​ဖြစ်​ပါ​၏။-

စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။

စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။

သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။

ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​ဒ​မာ​သက်​မြို့​ကို​ရည် မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဟာ​မတ်​မြို့​နှင့်​အာ ပဒ်​မြို့​မှ​လူ​တို့​သည်​သ​တင်း​ဆိုး​ကို​ကြား ရ​ကြ​သ​ဖြင့် ပူ​ပန်​သော​က​ဖြစ်​ကာ​စိတ်​ဆင်း ရဲ​လျက်​နေ​ကြ​၏။ စိုး​ရိမ်​ပူ​ပန်​မှု​သည်​ပင်​လယ် လှိုင်း​လုံး​များ​သ​ဖွယ် သူ​တို့​အ​ပေါ်​သို့​လှိမ့်​၍ လာ​သ​ဖြင့်​သူ​တို့​သည်​ဆောက်​တည်​ရာ​မ​ရ နိုင်​ကြ။-

ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကျ​ရောက် လာ​သော​အ​ခါ ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား မိ​မိ​တို့​၏​အ​ပြစ်​များ​နှင့်​ရုပ်​တု ကိုး​ကွယ်​မှု​မှ​သန့်​စင်​စိမ့်​သော​ငှာ​စမ်း ရေ​ပေါက်​ဖွင့်​လျက်​လာ​လိမ့်​မည်။-

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စမ်း​ရေ​များ​စီး​ဆင်း​၍ လာ​လိမ့်​မည်။ ထို​ရေ​၏​တစ်​ဝက်​သည်​ပင်​လယ် သေ​ထဲ​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဝက်​သည် မြေ​ထဲ​ပင်​လယ်​ထဲ​သို့​လည်း​ကောင်း တစ်​နှစ် ပတ်​လုံး​ဆောင်း​ရော​နွေ​ပါ​စီး​ဆင်း​သွား​လိမ့် မည်။-

ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ