၄ ရာ 5:1Common Language Bibleရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။- အခန်းကိုကြည့်ပါ။ |
တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-