Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 4:8

Common Language Bible

တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။

ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-

သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-

နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-

သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။

လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။

ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊

ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-

အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။-

သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။-

သူ​နှင့်​တ​ကွ​အိမ်​သူ​အိမ်​သား​တို့​သည်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။ ထို​နောက်​လု​ဒိ​က ``ကျွန်​မ သည်​သ​ခင်​ဘု​ရား​ကို​အ​ကယ်​ပင်​ယုံ​ကြည်​သူ ဖြစ်​သည်​ဟု သင်​တို့​လက်​ခံ​ပါ​လျှင်​ကျွန်​မ​၏ အိမ်​သို့​လာ​ရောက်​တည်း​ခို​ကြ​ပါ'' ဟု​ကျွန်ုပ် တို့​အား​ဖျောင်း​ဖျ​လေ​သည်။

ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ