ထိုအိုးများအားလုံးဆီပြည့်သောအခါ မုဆိုးမက``အိုးလွတ်ကျန်သေးသလော'' ဟု သားတို့အားမေး၏။ သားတစ်ယောက်က``မကျန် တော့ပါ'' ဟုဆိုလိုက်သည်နှင့်ဆီထွက်ရပ်လေ၏။-
အဘယ်ကြောင့်ဆိုသော်ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါ ထာဝရဘုရားသည်မိုးကိုမရွာစေမီကာလ အတွင်း မုန့်ခွက်တွင်မုန့်ပြတ်ရလိမ့်မည်မဟုတ်။ ဆီဘူးတွင်လည်းဆီပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူသောကြောင့်ဖြစ်သည်'' ဟု မုဆိုးမအားပြောလေ၏။
ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
သို့ဖြစ်၍ထိုမုဆိုးမသည် မိမိ၏သားများကို ခေါ်၍ အိမ်ထဲသို့ဝင်ကာတံခါးကိုပိတ်ပြီးလျှင် သူ၏သားများယူဆောင်လာသောအိုးများ ထဲသို့ဆီလောင်းထည့်လေသည်။-
ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။-
ထိုအခါကိုယ်တော်က ``သင်တို့ယုံကြည်သည့် အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူလျက်သူတို့၏ မျက်စိများကိုလက်ဖြင့်တို့ထိတော်မူ၏။-
ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
ထိုသူတို့စား၍ဝကြသောအခါကိုယ်တော် က ``စားကြွင်းစားကျန်များကိုမလေမလွင့် ရအောင်သိမ်းကြလော့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။-
ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။