၄ ရာ 4:43Common Language Bibleသို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-