၄ ရာ 4:35Common Language Bibleဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။- အခန်းကိုကြည့်ပါ။ |
အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။
ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-