Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 4:31

Common Language Bible

ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။

သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။

ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-

ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-

ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-

လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။

ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။

သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-

ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက် ``ငါ တို့​၏​အ​ဆွေ​လာ​ဇ​ရု​သည်​အိပ်​ပျော်​လျက်​နေ ၏။ သူ့​ကို​နှိုး​ရန်​ငါ​သွား​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။

ထို့​ကြောင့်​ရှော​လု​သည်​ဘု​ရား​သ​ခင်​အား``ကျွန် တော်​မျိုး​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘုရား​သည်​ထို​နေ့​၌​ဖြေ​ကြား တော်​မ​မူ။-

မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ