ဧလိရှဲက``သင်၏အိမ်နီးချင်းများထံသို့ သွား၍ အိုးလွတ်ရနိုင်သမျှကိုငှားရမ်းလော့။-
သို့ဖြစ်၍ဧလိရှဲက``ထာဝရဘုရားက`ခြောက် သွေ့လျက်ရှိသည့်ဤချောင်းတွင်မြောင်းများကို တူးလော့။-
ဧလိရှဲက``သင်၏အတွက် ငါအဘယ်သို့ပြုရ ပါမည်နည်း။ သင်၏အိမ်တွင်အဘယ်ပစ္စည်းဥစ္စာ ရှိပါသနည်း။ ငါ့အားပြောလော့'' ဟုဆို၏။ မုဆိုးမက``သံလွင်ဆီအိုးကလေးတစ်လုံး မှတစ်ပါး အခြားအဘယ်အရာမျှမရှိပါ'' ဟုဖြေကြား၏။
ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။-