အမျိုးသမီးက``အရှင်၊ ကျွန်မသည်အရှင့်ထံ တွင်သားဆုကိုတောင်းပါသလော။`အချည်းနှီး ကျွန်မမျှော်လင့်၍မနေပါရစေနှင့်' ဟုအရှင့် အားပြောကြားခဲ့သည်မဟုတ်ပါလော'' ဟု ဆို၏။
ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။ အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။
ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။