Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 4:14

Common Language Bible

ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။ ဂေ​ဟာ​ဇိ​က``သူ​မှာ​သား​သ​မီး​မ​ရှိ​ပါ။ သူ​၏ ခင်​ပွန်း​သည်​လည်း​အို​မင်း​ပါ​ပြီ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ အောင်​ပျပ်​ဝပ်​နေ​စဉ်``အ​သက်​တစ်​ရာ​ရှိ​သူ​၌ က​လေး​ရ​နိုင်​ပါ​ဦး​မည်​လော။ အ​သက်​ကိုး ဆယ်​ရှိ​သူ​စာ​ရာ​၌​က​လေး​မွေး​နိုင်​ပါ​ဦး မည်​လော'' ဟု​တွေး​တော​မိ​သ​ဖြင့်​ရယ်​လေ သည်။-

ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-

ရာ​ခေ​လ​သည်​ယာ​ကုပ်​နှင့်​သား​သ​မီး​မ​ထွန်း ကား​သ​ဖြင့် အစ်​မ​ကို​မ​နာ​လို​ဖြစ်​ပြီး​လျှင် ယာ​ကုပ်​အား``ကျွန်​မ​တွင်​သား​သ​မီး​မ​ရ ပါ​က​သေ​ရ​ပါ​တော့​မည်'' ဟု​ပြော​လေ​၏။

ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။

ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-

သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။-

ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-

ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-

သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ