Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 3:19

Common Language Bible

သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-

ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။

မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။

ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ