Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 25:25

Common Language Bible

သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-

ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။

ထို​အ​ခါ​ယော​ဟ​နန်​က``အ​ကျွန်ုပ်​အား၊ ဣ​ရှ မေ​လ​ကို​သွား​၍​သတ်​ခွင့်​ပြု​ပါ။ သတ်​သော သူ​ကို​မည်​သူ​မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ့ အား​အ​ဘယ်​ကြောင့်​အ​ရှင့်​ကို​သတ်​ခွင့်​ပေး ရ​ပါ​မည်​နည်း။ ဤ​သို့​ပြု​ပါ​မူ​အ​ရှင့်​ထံ သို့​လာ​ရောက်​စု​ဝေး​နေ​ကြ​သည့်​ယု​ဒ အ​မျိုး​သား​တို့​သည် ကွဲ​လွင့်​၍​သွား​ကာ ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​အ​ပေါင်း​တို့ သည် ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​ကြ ပါ​လိမ့်​မည်'' ဟု​တိတ်​တ​ဆိတ်​လျှောက် ထား​၏။

သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။

ကိုယ်​တော်​က``ပြည်​သူ​များ​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​နှစ်​ပေါင်း​ခု​နစ်​ဆယ်​ပတ်​လုံး၊ ပဉ္စ​မ​လ​နှင့်​သတ္တ​မ​လ​တို့​တွင်​အ​စာ​ရှောင် ၍​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ခဲ့​ကြ​သည်​မှာ​ငါ့​အား​ဂုဏ်​ပြု​ချီး ကူး​ရန်​မ​ဟုတ်။-

``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ