Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 25:15

Common Language Bible

သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ တိုင်​ကြီး​နှစ်​လုံး၊ ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ လက်​တွန်း​လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။-

သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-

ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-

သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-

သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။-

မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ