Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 25:10

Common Language Bible

သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-

သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည် များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။-

ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။

အို ဘု​ရား​သ​ခင်၊ ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။

ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​သည် ဘု​ရင့်​နန်း​တော်​နှင့်​ပြည်​သူ တို့​၏​အိမ်​များ​ကို​မီး​ရှို့​ကာ​ယေရု​ရှ​လင် မြို့​ရိုး​တို့​ကို​ဖြို​ချ​ကြ​၏။-

ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။ သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။ စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။

ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-

သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ