၄ ရာ 25:1Common Language Bibleဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။- အခန်းကိုကြည့်ပါ။ |
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-