Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 23:16

Common Language Bible

ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-

ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။-

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ