Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 22:9

Common Language Bible

ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​အား​လူ​လွှတ် ၍​ဖိတ်​ခေါ်​ကြ​၏။ ထို​အ​ခါ​ဟေ​ဇ​ကိ​၏​နန်း​တွင်း အ​ရာ​ရှိ​သုံး​ဦး​တို့​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​ရန် ထွက်​လာ​ကြ​၏။ သူ​တို့​ကား​ဟိ​လ​ခိ​၏​သား​နန်း တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န နှင့် အာ​သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-

ထို​နောက်``ဤ​ကျမ်း​စောင်​ကို​အ​ကျွန်ုပ်​အား ဟိ​လ​ခိ​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​မင်း​ကြီး​အား ထို​ကျမ်း​စောင်​ကို အ​သံ​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။-

မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-

ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ မေ​ရှု​လံ​၏​မြေး၊ အာ​ဇ​လိ​၏​သား၊ နန်း​တော် အ​တွင်း​ဝန်​ရှာ​ဖန်​ကို၊-

ရှာ​ဖန်​သည်​မင်း​ကြီး​၏​အ​မိန့်​တော်​ကို​ဟိ​လ​ခိ အား​ပြော​ကြား​၏။ ထို​နောက်​ဟိ​လ​ခိ​က​မိ​မိ သည် ဗိ​မာန်​တော်​ထဲ​တွင်​ပ​ညတ်​တ​ရား​ကျမ်း စောင်​ကို​တွေ့​ရှိ​ကြောင်း​ပြော​ပြ​၏။ ဟိ​လ​ခိ သည်​ထို​ကျမ်း​စောင်​ကို​ရှာ​ဖန်​အား​ပေး သ​ဖြင့်​ရှာ​ဖန်​သည်​ဖတ်​လေ​သည်။-

ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-

သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။

ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊

ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။

ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-

န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ