Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 21:8

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​မိန့် တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ​ပေး​အပ် သည့်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ​လျှင် ငါ သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့​အား​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​တော်​မှ​နှင်​ထုတ်​တော်​မူ​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။-

ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-

သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ