၄ ရာ 21:2Common Language Bibleမနာရှေသည်ခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏ရွံရှာဖွယ်ဋ္ဌလေ့ များကိုကျင့်သုံး၍ကိုယ်တော်အားပြစ်မှား ၏။- အခန်းကိုကြည့်ပါ။ |
သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-