Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 20:8

Common Language Bible

မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။

ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။-

``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-

ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-

ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။

ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင်​၏​အ​နာ စိမ်း​ကို​သင်္ဘော​သ​ဖန်း​သီး​ဖြင့်​အုံ​၍​ထား​ပါ​မူ ထို​အ​နာ​သည်​သက်​သာ​ပျောက်​ကင်း​သွား​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။-

ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ဗိ​မာန်​တော် သို့​သွား​ရောက်​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ် နိ​မိတ်​လက္ခ​ဏာ​ကို​ထောက်​၍​သိ​ရှိ​နိုင်​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။

``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။

ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-

ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-

``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-

နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ