Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 20:20

Common Language Bible

ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​လျက်​ရှိ​သ​တည်း။-

အာ​သ​မင်း​ဆောင်​ရွက်​တော်​မူ​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​သူ​၏​စွန့်​စား​ခန်း​များ၊ မြို့​များ​ကို​တံ​တိုင်း​ကာ​ရံ​ပုံ​အ​ကြောင်း​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ သူ​သည် အို​မင်း​ချိန်​တွင်​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊-

အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-

ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။-

မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။-

ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။-

ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-

ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊-

အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ