၄ ရာ 20:18Common Language Bibleအရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်ဣသရေလသုံ့ပန်းများတွင် မင်းမျိုးမင်းနွယ်နှင့်ဂုဏ်အသရေရှိအိမ်ထောင်စုများမှ၊ ရုပ်ရည်သန့်ပြန့်သူ၊ အသိပညာအတတ်ပညာရှိမှု၊ ပညာဉာဏ်ထက်မျက်မှု၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းနှင့်ကင်းမှု အစရှိသည့်အရည်အချင်းများနှင့်ပြည့်စုံ၍ နန်းတွင်းအမှုထမ်းနိုင်မည့်လူငယ်လူရွယ်အချို့တို့ကိုရွေးချယ်ရန် မိန်းမစိုးအုပ်အာရှပေနတ်အားအမိန့်ပေးတော်မူ၏။ သူတို့အားဗာဗုလုန်ဘာသာကိုဖတ်တတ်ရေးတတ်အောင်သင်ကြားပေးရန်နှင့်၊-
ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။-