Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 2:8

Common Language Bible

ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။

ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။-

သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-

ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။

သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-

ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-

ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ