၄ ရာ 2:2Common Language Bibleလမ်းတွင်ဧလိယက``ဤတွင်နေရစ်ပါလော့။ ငါ့အားထာဝရဘုရားသည် ဗေသလမြို့ သို့စေလွှတ်တော်မူသည်'' ဟုဧလိရှဲအား ပြော၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍သူတို့နှစ်ဦးသည်ဗေသလမြို့ သို့ဆက်၍သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေ၏။ သို့ ဖြစ်၍သူတို့သည်ယေရိခေါမြို့သို့သွား ကြ၏။
ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-