၄ ရာ 2:13Common Language Bibleထိုနောက်သူသည်ဧလိယထံမှကျခဲ့သည့် ဝတ်လုံကိုကောက်ယူပြီးလျှင် ယော်ဒန်မြစ် သို့ပြန်လာ၏။- အခန်းကိုကြည့်ပါ။ |
ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-
သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-