၄ ရာ 19:4Common Language Bibleအာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
သို့ဖြစ်၍`ထာဝရဘုရား၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကို နောက်တစ်ဖန်ထိုသူတို့ မပြောရကြ။ အဘယ်ကြောင့်ဆိုသော်တစ် စုံတစ်ယောက်သောသူသည်ဤသို့ပြောဆို ပါက၊ ငါ၏ဗျာဒိတ်တော်ကိုယင်းသို့ပြော ဆိုသူအတွက်အကယ်ပင်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ လူတို့သည် မိမိတို့၏ဘုရားသခင်၊ အသက်ရှင်တော်မူသောအနန္တ တန်ခိုးရှင်ထာဝရဘုရား၏စကား တော်ကို အမှောက်မှောက်အမှားမှားဖြစ် စေကြလေပြီ။-
ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။
သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-