၄ ရာ 19:28Common Language Bibleသင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။ အခန်းကိုကြည့်ပါ။ |
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-