Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 19:12

Common Language Bible

ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-

တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။

ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​ဘက်​ရှိ​ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို​တည် ပြီး​လျှင် ဖန်​ဆင်း​တော်​မူ​သော​လူ​ကို​ထို​ဥ​ယျာဉ် တွင်​နေ​စေ​တော်​မူ​၏။-

ယာ​ကုပ်​က​သိုး​ထိန်း​တို့​အား``အ​ဆွေ​တို့၊ သင် တို့​အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး သော်၊ ``ခါ​ရန်​မြို့​က​လာ​ကြ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။

ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။

အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​မိ​မိ​ဖျက်​ဆီး​ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ်​သို့ ပြု​တော်​မူ​တတ်​ကြောင်း​သင်​ကြား​သိ​ရ​ပြီ ဖြစ်​၏။ သင်​သည်​ငါ​၏​လက်​မှ​လွတ်​မြောက် နိုင်​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။

ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-

ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-

ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ခါ​လ​ဒဲ​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၏။ သူ​၏​ဖ​ခင်​သေ​လွန်​သော​အ​ခါ​သူ့​အား ထို မြို့​မှ​ယ​ခု​သင်​တို့​နေ​ထိုင်​ရာ​ပြည်​သို့​ဘု​ရား သ​ခင်​ပြောင်း​ရွှေ့​စေ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ