Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:8

Common Language Bible

ဖိ​လိတ္တိ​ပြည်​သား​တို့​ကို​လည်း​တိုက်​ခိုက်​နှိမ်​နင်း လေ​၏။ ဂါ​ဇ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​နယ်​မြေ​အ​ပါ အ​ဝင်​သူ​တို့​နေ​ထိုင်​ရာ အ​ငယ်​ဆုံး​ကျေး​ရွာ မှ​အ​ကြီး​ဆုံး​မြို့​သို့​တိုင်​အောင်​သွား​ရောက် တိုက်​ခိုက်​လု​ယက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-

ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-

မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။

ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။-

အို ဖိ​လိတ္တိ​အ​မျိုး​သား​တို့၊ သင်​တို့​အား​ရိုက် နှက်​သည့်​တုတ်​သည်​ကျိုး​၍​သွား​ပြီ​ဖြစ်​သော် လည်း​သင်​တို့​ဝမ်း​မြောက်​ကြ​ရန်​အ​ကြောင်း မ​ရှိ။ မြွေ​တစ်​ကောင်​သေ​သော​အ​ခါ​ထို​မြွေ ထက်​ဆိုး​သည့်​အ​ခြား​မြွေ​တစ်​ကောင်​ပေါက် ၍​လာ​လိမ့်​မည်။ မြွေ​ဥ​မှ​အ​ဆိပ်​ပြင်း​သော န​ဂါး​ပျံ​ပေါက်​ဖွား​လာ​တတ်​ပါ​သည် တ​ကား။-

သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။

က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)

ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ