၄ ရာ 18:5Common Language Bibleဟေဇကိသည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားကိုကိုးစား သူဖြစ်၏။ ရှေးကာလမှစ၍နောင်ကာလ တိုင်အောင် ယုဒပြည်တွင်သူကဲ့သို့သော ဘုရင်တစ်ပါးမျှမပေါ်ပေါက်ချေ။- အခန်းကိုကြည့်ပါ။ |
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-