Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:36

Common Language Bible

ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-

ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။

``ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ​သ​တိ​ထား​မည်။ နှုတ်​ဖြင့်​မျှ​မ​ပြစ်​မှား​မိ​စေ​ရန်​ငါ​သည်​သ​တိ ပြု​မည်။ ဆိုး​ညစ်​သူ​တို့​အ​နီး​၌​ရှိ​စဉ်​ငါ​သည်​အ​ဘယ် စ​ကား​ကို​မျှ​မ​ပြော​ဘဲ​နေ​မည်'' ဟု​ငါ​ဆို​၏။

မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။

မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။

အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။

ဤ​မျှ​ဆိုး​ယုတ်​သော​ခေတ်​ကာ​လ​၌​လိမ္မာ​ရေး ခြား​ရှိ​သူ​သည် နှုတ်​ပိတ်​ရေ​ငုံ​နေ​မည်​မှာ​မ ဆန်း​တော့​ပေ။

``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ