Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:31

Common Language Bible

ဟေ​ဇ​ကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ မြို့​ထဲ မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့​အား​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​အ​မိန့်​တော်​ရှိ​၏။ သင်​တို့​အား ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​နှင့်​တူ​သည့် ပြည်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​သစ်​နှင့်​ပြည့်​စုံ​သော ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ရှိ​သော​ပြည်၊ သံ​လွင် ဆီ​နှင့်​ပျား​ရည်​ရှိ​သော​ပြည်​သို့​မ​ပို့​ဆောင်​မီ အ​တော​အ​တွင်း​၌ သင်​တို့​သည်​မိ​မိ​တို့​၏ စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း​ပင်​များ​မှ အ​သီး​များ​ကို​စား​ကြ​၍ မိ​မိ​တို့​၏​ရေ​တွင်း များ​မှ​ရေ​ကို​လည်း​သောက်​သုံး​ခွင့်​ရ​လိမ့်​မည်။ ဧ​က​ရာဇ်​မင်း​အ​မိန့်​ရှိ​သည်​အ​တိုင်း​လိုက် နာ​ပါ​လျှင် သင်​တို့​သည်​သေ​ရ​ကြ​မည်​မ​ဟုတ်။ အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝရ ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ်​တော်​မူ​နိုင် သည်​ဟု သင်​တို့​ထင်​မှတ်​စေ​ရန်​ဟေ​ဇ​ကိ လှည့်​စား​သည်​ကို​နား​မ​ထောင်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-

ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။

ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-

သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-

ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး​ရန်​သူ​၏​သွေး ဆောင်​စကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ကယ်​တော်​မူ​မည်​ဟူ ၍​လည်း​ကောင်း၊ အာ​ရှု​ရိ​တပ်​မ​တော်​အား ဤ မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ် ဟူ​၍​လည်း​ကောင်း​မ​ထင်​မှတ်​ကြ​နှင့်။-

လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။

သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။

ချမ်း​သာ​ကြွယ်​ဝ​သူ​များ​သည်​မိ​မိ​တို့ အ​စေ​ခံ​များ​ကို​လွှတ်​၍ ရေ​အ​ခပ်​ခိုင်း​သည့်​အ​တိုင်း​အ​စေ​ခံ​တို့​သည် ရေ​ကန်​များ​သို့​သွား​ရောက်​ကြ​သော်​လည်း ရေ​ကို​မ​တွေ့​ရ​ကြ။ သူ​တို့​သည်​အိုး​ဟောင်း​လောင်း​နှင့်​ပြန်​လာ​ရ ကြ​၏။ သူ​တို့​သည်​စိတ်​ပျက်​အား​လျော့​ကာ​ဝေ​ခွဲ​မ​ရ ဖြစ်​လျက် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။

``ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည်​စ​ပျစ်​ဥ​ယျာဉ်​များ၊ သ​ဖန်း​ပင်​များ​ခြံ​ရံ​လျက်​ငြိမ်း​ချမ်း​လုံ​ခြုံ စွာ​နေ​ထိုင်​နိုင်​ကြ​စေ​ရန် မိ​မိ​တို့​၏​အိမ်​နီး ချင်း​များ​ကို​ခေါ်​ဖိတ်​ကြ​လိမ့်​မည်'' ဟု​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ