၄ ရာ 17:40Common Language Bibleသို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-