Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 17:35

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-

``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။

ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။ သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။ သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​သင်​တို့​အား​အ​ခြား​ဘုရား​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​မှု​မ​ပြု​ကြ​ရန်​ကို​လည်း ကောင်း၊ သင်​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​မှု​မ​ပြု​ကြ​ရန် ကို​လည်း​ကောင်း​ပြော​ကြား​ခဲ့​ကြ​၏။ အ​ကယ် ၍​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​သာ နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ကိုယ်​တော်​သည် သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်။-

ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင်​ငါ​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​တော်​မူ​၏။-

ထို​ရုပ်​တု​များ​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ပြိုင် ဘက်​ကို​လုံး​ဝ​လက်​ခံ​တော်​မ​မူ။ ငါ့​ကို မုန်း​သော​သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်။ ထို မျှ​မ​က​သူ​တို့​၏​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ​မျိုး​ဆက်​တိုင်​အောင်​ငါ​ဒဏ်​ခတ် မည်။-

အ​ခြား​ဘုရား​များ​ကို​မ​ဆည်း​ကပ်​နှင့်။ သင် တို့​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သော​လူ​မျိုး တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​နှင့်။-

သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။

သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ