Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 17:25

Common Language Bible

ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-

သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။

ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-

သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။

ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-

သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-

သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။

ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။

ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။

လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

သူ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ရာ​ဘေး​အန္တ​ရာယ် လေး​ပါး​သက်​ရောက်​စေ​ရန် ငါ​ထာ​ဝ​ရ​ဘု​ရား ဆုံး​ဖြတ်​ထား​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​စစ်​ပွဲ တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လောင်း များ​ကို​ခွေး​တို့​ဆွဲ​ယူ​သွား​ကြ​လိမ့်​မည်။ ထို အ​သေ​ကောင်​တို့​ကို​ငှက်​များ​ထိုး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သည့်​အ​သား​ကို​တော​သား​ရဲ​တို့ ကိုက်​စား​ကြ​လိမ့်​မည်။-

ဤ​အ​ကြောင်း​ကြောင့်​တော​မှ​ခြင်္သေ့​တို့​သည်​သူ​တို့​ကို​ကိုက်​သတ်​ကြ​လိမ့်​မည်။ သဲ​ကန္တာ​ရ​မှ​ဝံ​ပု​လွေ​တို့​သည်​သူ​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ ကျား​သစ်​တို့​သည်​လည်း​သူ​တို့​၏​မြို့​များ​အ​နီး​တွင် စောင့်​ကာ​မြို့​ပြင်​သို့​ထွက်​လာ​သူ​မှန်​သ​မျှ​ကို​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည်​အ​ပြစ်​များ​သူ​များ​ဖြစ်​သည့်​ပြင် ဘု​ရား​သ​ခင်​ကို၊အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ကျော​ခိုင်း​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။

``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။

ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။

ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-

ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် များ​ဖြစ်​ကြ​သော​သင်​တို့​နှင့်​ငါ​တို့​ကို ယော်​ဒန်​မြစ်​အား​ဖြင့် ခွဲ​ခြား​ထား​တော်​မူ သည်။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်' ဟု​ဆို​သ​ဖြင့်​သင်​တို့ ၏​အ​ဆက်​အ​နွယ်​တို့​သည် ငါ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကိုး ကွယ်​ဘဲ​နေ​ရန်​တား​မြစ်​မည်​ကို​စိုး​ရိမ်​သော ကြောင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​ခြင်း​ဖြစ်​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ