Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 16:9

Common Language Bible

တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဗင်္ဟာ​ဒဒ်​သည်​အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣ​သ ရေ​လ​မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ တို့​သည်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့ နှင့်​န​ဿ​လိ​နယ်​မြေ​ရှိ​ပစ္စည်း​သို​လှောင်​ရာ မြို့​အ​ပေါင်း​ကို​သိမ်း​ယူ​လိုက်​ကြ​၏။-

အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။

အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။-

ကာ​လ​နော​မြို့​နှင့်​ခါ​ခေ​မိတ်​မြို့၊ ဟာ​မတ်​မြို့ နှင့်​အာ​ပဒ်​မြို့၊ ရှ​မာ​ရိ​မြို့​နှင့်​ဒ​မာ​သက်​မြို့ တို့​ကို​ငါ​နှိမ်​နင်း​ခဲ့​၏။-

ဤ​ဗျာ​ဒိတ်​တော်​သည်​ဒ​မာ​သက်​မြို့​နှင့် သက်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သည်​မြို့ အ​ဖြစ်​နှင့်​ရပ်​တည်​နေ​တော့​မည်​မ​ဟုတ်။ ယို ယွင်း​ပျက်​စီး​နေ​သည့်​အ​ဆောက်​အ​ဦး​စု သာ​လျှင်​ဖြစ်​ပေ​တော့​အံ့။-

ဧ​လံ​ပြည်​မှ​မြင်း​စီး​သူ​ရဲ​တို့​သည် လေး​မြား များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။ ကိ​ရ​ပြည်​မှ စစ်​သူ​ရဲ​တို့​က​လည်း ဒိုင်း​လွှား​များ​ကို အ​သင့်​ကိုင်​ဆောင်​ထား​ကြ​၏။-

အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​ကရာဇ်​မင်း များ​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်-

ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။

``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ