၄ ရာ 16:4Common Language Bibleရုပ်တုကိုးကွယ်ရာဌာနများဖြစ်သောတောင် ကုန်းများနှင့် အရိပ်ကောင်းသည့်သစ်ပင်အောက် တို့တွင်အာခတ်သည်ယဇ်များကိုပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-
တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-