သူကွယ်လွန်သောအခါသူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ပေကဟိသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
မေနဟင်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
ယုဒဘုရင်သြဇိ၏နန်းစံတစ်ဆယ့်ငါး နှစ်မြောက်၌ မေနဟင်၏သားပေကဟိသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌နှစ်နှစ်နန်းစံလေသည်။-