ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။''